Mozilla Firefox သုံးနေတဲ့ သူငယ်ချင်းများအတွက် သိသင့်တာလေးတွေကို အနည်းငယ်ပြောချင်ပါတယ်.. ဘာတွေလဲဆိုတော့ Firefox ကို နှေးတယ်၊ error တက်တယ်၊ Loading ကြာတယ် ဆိုပြီး မကြိုက် ဖြစ်နေကြသူများကို မြန်အောင်ဘယ်လိုလုပ်ရမလဲ ဆိုတာရယ်။ ဘယ် အရာတွေက Firefox ကို နှေးစေတာလည်း ဆိုတာသိစေချင်လို့ ဒီ Post ကို တင်လိုက်တာပါ။ တော်တော်များများကတော့ အခုနောင်ပိုင်း Google Chrome ကို သုံးကြပါတယ်။ သုံးလို့လည်းတော်တော်ကောင်းပါတယ်။ ကျွှန်တော်လည်း Google Chrome ကိုသုံးပါတယ်။ နောက်ပိုင်း Firefox 4 ထွက်ပြီးတဲ့နောက်တော့ Firefox ကိုပိုကြိုက်လာတယ်။ အထူးသဖြင့် စာရေးတာ၊ စာဖတ်တာ တွေမှာ ပိုသုံးဖြစ်တယ်။ မြန်မာ ဆိုက်တွေဆို ပိုအဆင်ပြေတယ်။ Chrome ကိုတော့ စာရှာတာမှာပဲ များသောအားဖြင့်သုံးတယ်။
Firefox 4 က Performance တော်တော်ကောင်းတယ်လို့ ပြောနိုင်တယ်။ HTML5 support, Crash Protection, Hardware Acceleration စတာတွေကြောင့် တော်တော်ကောင်းသွားတယ်။ ပြောရင်းနဲ့ Firefox ကောင်းကြောင်းတွေဖြစ်ကုန်ပြီ။ အဓိကပြောချင်တာက ဘယ်ဟာတွေက Firefox ကိုနှေးစေတာလဲပါ.. အဖြစ်အများဆုံးကတော့ Add - ons တွေပါ။ ဘယ် ဟာတွေက ဘယ်လောက် ရာခိုင်နှုန်း နှေးစေလည်းဆိုတာကို.. Firefox ကစစ်ပြီးတော့ ဇယားဆွဲထားတယ်။ ကိုယ့်ဆီမှာ အဲ့ဒါတွေ သွင်းထားတယ်ဆိုရင်တော့ Firefox ရဲ့ အစစ်အမှန် အမြန်နှုံးကို ရမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မလိုဘဲနဲ့တော့ Add-ons တွေကို မသွင်းထား စေချင်ဘူး။ လိုတဲ့ဟာတွေလောက်ပဲ သွင်းထားရင် မြန်မြန်ဆန်ဆန်နဲ့ Firefox ကိုသုံးနိုင်မှာပါ။ အောက်က ဇယားမှာကြည့်ပြီး ကိုယ့်ဆီမှာ သွင်းထားတာလေးတွေကို ပြန်စစ်စေချင်ပါတယ်။ ပြီးရင် မလိုတာတွေကို Disable လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Firefox ကိုမြန်မြန်ဆန်ဆန် သုံးနိုင်ပါပြီ.... အားလုံးအဆင်ပြေနိုင်ကြပါစေ......
ဟန်မျိုးထွေး
0 comments:
Post a Comment