Google Talk Guru အကြောင်းလေး ပြောချင်လို့ပါ။ တော်တော်လေးကို အသုံးဝင်တယ်ဗျာ။ Guru ဆိုတဲ့အတိုင်းပဲ တော်တော် လည်းတော်တယ်။ မြန်လည်းမြန်တယ်။ သိချင်တဲ့အကြောင်းအရာတွေကို Google Talk မှာ guru@googlelabs.com ကို add ပြီရင် သူက ချက်ချင်း accept လုပ်လိမ့်မယ်။ ပြီရင်တော့ မေးချင်တာ တွေမေးပေတော့။ အားလုံးတော့ ပြန်မဖြေနိုင်ဘူး။ သူသိတာတွေကို တော့ပြန်ဖြေပေးပါတယ်။ သူ့ကိုမေးရမယ့် နည်းလမ်းလေးတွေကိုတော့ သိထားဖို့လိုမယ်ထင်တယ်။ မဟုတ်ရင် သူကပြန်မဖြေပေးနိုင်ဘူး။ ကဲ စမေးလိုက်ကြအောင်…
အရင်ဆုံး guru@googlelabs.com ကို invite လုပ်။
ပြီးရင် စ ချက်မယ်…
Sport scores တွေကိုသိချင်တယ်ဆိုရင် score liverpool or arsenal စတဲ့ ကိုသိချင်တဲ့ အသင်းတွေကို ရိုက်ထည့်လိုက်။ နောက်ဆုံး ရလဒ်တွေ ပြန်ဖြေပေးလိမ့်မယ်။ ညာဖက်က ပုံဆို စာလုံးပေါင်းမှားတာကိုပါ ပြင်ပေးတယ်။
Weather သိချင်ရင်လည်း တူတူဘဲ၊ weather Singapore ဆိုပြီ ရိုက်လိုက်….
Defination လည်းရတယ် နော်၊ define love ဆိုပြီး ကိုသိချင်တဲ့ စကားလုံးကို define နောက်ကနေ ရိုက်လိုက်ရင် ရပြီ။
Translation လည်းရတယ် translate kiss to Spanish ကိုရိုက်လိုက်ရင် အောက်ကလိုပြန်ပြောလိမ့်မယ်။
Web result ကို ရှာချင်ရင် web ကိုရှေ့ကခံပြီးရိုက်။
Calculate လုပ်ချင်သူများအတွက် Calculator မလိုတော့ဘူး မေးလိုက်ရုံဘဲ။ စမ်းကြည့်လိုက်ရအောင်…
၁၂၄* ၂၃+ ၁၀= ၂၈၆၂ ရလိမ့်မယ်…
Currency လည်းပြောင်းပေးနိုင်တယ်..ဒီလိုရိုက် 120 KES to USD။
ဒီလောက်ဆို Google Talk Guru အကြောင်း တော်တော် သိလောက်ပြီထင်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ Click Here…
အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ….
0 comments:
Post a Comment