OSI Model Seven Layers

OSI Model လို့ခေါ်တဲ့ အလွှာ(၇)လွှာကတော့-

၁) Application layer
၂) Presentation layer
၃) Session layer
၄) Transport layer
၅) Network layer
၆) Data-link layer
၇) Physical layer

တို့ဖြစ်ကြပါတယ်။

 
 ၁. Application layer

OSI model ရဲ့အမြင့်ဆုံး၊အသုံးပြုသူ userတို့နှင့် အနီးကပ်ဆုံး layer ဖြစ်ပါတယ်။ အောက်ဖော်ပြပါ protocol များကတော့ application layer မှာအလုပ်လုပ်ကြသည့် အသုံးများတဲ့ protocol များဖြစ်ကြပြီး application layer protocol များလို့လည်း ခေါ်ကြတယ်။

HTTP (Hypertext Transfer Protocol)
SMTP(Simple Mail Transfer Protocol)
FTP(File Transfer Protocol)
DNS(Domain Name System)

စသည်တို့ဖြစ်ကြတယ်။တခြားအလုပ်လုပ်ကြတဲ့ protocol များလည်းရှိပါသေးတယ်။  အမည်အားဖြင့် application layer လို့တွင်သည့်အတွက် software application တွေဖြစ်ကြတဲ့ Word တို့ Excel တို့ Internet Explorer တို့သည် ဒီlayer မှာ အလုပ်လုပ်ကြတယ်လို့ အထင်မှားစရာဖြစ်ပါတယ်။ application layer ထဲမှာ ဒီ software application တွေမပါပါဘူး။ software application တစ်ခုသည် network နှင့်ဆိုင်တဲ့ service တစ်ခုခုကိုလုပ်ဆောင်ရန်လိုအပ်လာတဲ့အခါမှာ application layer protocol များမှ တဆင့်လုပ်ဆောင်ကြပါတယ်။ ဥပမာအနေနှင့်ဆိုရရင် application software တွေ network ပေါ်မှာ အလုပ်လုပ်ရန်လိုအပ်တဲ့ protocol တွေကတော့ email ပို့ရန်အတွက် SMTP ၊အင်တာနက်ပေါ်မှာ webpage တွေကိုခေါ်ကြည့်ရန်အတွက် http ၊ FTP server တွေပေါ်မှ fileတွေကို download လုပ်ယူရန်အတွက် FTP တို့ဖြစ်ကြပါတယ်။

၂. Presentation layer

 ၂ လွှာမြောက်ဖြစ်တဲ့ presentation layer ရဲ့ အဓိကလုပ်ဆောင်မှုသုံးခုရှိပါတယ်။
(၁) data presentation
၂) data Compression
၃) data Encryption

Data Presentation ရဲ့သဘောကတော့ဒီဘက်ကပို့လိုက်တဲ့ data တွေကို တစ်ဖက်လက်ခံသူဘက်က process လုပ်၍ ရနိုင်အောင်ပြောင်းပေးခြင်းဖြစ်ပါတယ်။ ဆိုရရင် presentation layer သည် translator သဘောဆောင်ပါတယ်။ Presentation layer ရဲ့ဒုတိယလုပ်ဆောင်မှုကတော့ network ပေါ်မှပို့လွှတ်မယ့် data တွေ ရဲ့ အရွယ်အစားငယ်အောင် compress လုပ်ပြစ်ခြင်းဖြစ်ပါတယ်။ ဒီဘက် presentation layer မှ compress လုပ်ပြီး ပို့လိုက်သမျှ data တွေ ကိုတစ်ဖက်ကွန်ပျူတာတွေရဲ့ presentation layer ရောက်တဲ့အခါ uncompress လုပ်ယူပါလိမ့်မယ်။ နောက်ဆုံး တစ်ခု presentation layer ရဲ့လုပ်ဆောင်မှုကတော့ data encryption နှင့် decryption ဖြစ်ပါတယ်။ဥပမာ secure communication ကိုအသုံးပြုပြီး အင်တာနက်ပေါ်မှတဆင့် Bank account တွေကိုဖွင့်ကြည့်မယ်ဆိုရင် presentation layer protocol သည် account data တွေကို encrypt လုပ်ပြီးမှ ပေးပို့ပါလိမ့်မယ်။ မိမိကွန်ပျူတာ ထံရောက်လာတဲ့အခါ presentation layer မှာပြန်လည် decrypt လုပ်ပြီး ဖတ်ရှူ၍ရနိုင်သော စာသားများအဖြစ်မြင်ရမှဖြစ်ပါတယ်။

၃. Session layer

network ပေါ်မှာ device နှစ်ခုတို့data တွေကို အပြန်အလှန်ပေးပို့ဖလှယ်နိုင်ကြစေမည့် connection ကပြောတာပါ။ Network ပေါ်မှာ ကွန်ပျူတာနှစ်လုံးတို့ data ပေးကိုဖလှယ်ကြမယ် ဆိုရင်ပထမဦးစွာ ပေးပို့သူင့် ရယူသူတို့ကြားမှာ အချိတ်အဆက် တစ်ခုရှိလာအောင် ညှိနှိုင်းဆောင်ရွက်မှုများကို session layer protocol များမှလုပ်ဆောင်ကြပါတယ်။ အချိတ်အဆက်ရသွားပြီဆိုတာနဲ. အပြန်အလှန်ပေးပို.မယ့် transmission rate ပေါ်မူတည်ပြီး simplex ၊ half duplex နှင့် full duplexဟူသော mode သုံးခုထဲက ဘယ်mode နဲ့လုပ်ဆောင်ကြရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ် ။ထိုဖြစ်စဉ်မှာ dialog controlလို့ခေါ်ပါတယ်။အဲ့ဒီလို session တစ်ခုစတင်ပြီးတာနဲ့ ကွန်ပျူတာနှစ်လုံးတို့ communication လုပ်နေသမျှ ကာလပတ်လုံး တည်မြဲအောင် session layer protocol များမှ ထိန်းသိမ်းထား ပေးထားပါတယ်။ တစ်ဖက်နှင့်တစ်ဖက် communication လုပ်ခြင်းပြီးဆုံးသွားပြီဆိုတဲ့အခါကျမှသာ session အားအဆုံးသတ်ပိတ်ခြင်းကို ဆက်လက် လုပ်ဆောင်ကြပါတယ်။

၄. Transport layer


Transport layer ဆိုတာ ကွန်ရက်တောက်လျှောက်ပေးပို့သူမှလက်ခံသူကို Data တွေသယ်ဆောင်သွားခြင်းကိုထိန်းချုပ်ပေးပါတယ်။ဒါကငုံပြီးပြောတာပါ။ Data ဟာ လက်ခံရရှိပြီးတာနဲ့ ရရှိကြောင်းအသိအမှတ်ပြု Acknowledgement လုပ်ပေးရပါတယ်။ဒါကလည်း အမှားကင်းစင်အောင် ထိန်းချုပ်တဲ့နည်းတစ်ခုပဲလေ။ ဒီလို Acknowledgement လုပ်ပေးမှ Data ရမရ ကိုသေချာသိရပြီးမရလို့ရှိရင်လည်းလိုအပ်ပါက နောက်တဖန်ပြန်ပို့နိုင်ရန် (Retransmitting Data) ဖြစ်ပါတယ်။ ပို့ဆောင်ရာလမ်းမှာ Data Packet လေးတွေ ပြုတ်ကျမကျန်ခဲ့စေဖို့လည်း Transmission Speed ကို ထိန်းညှိပေးခြင်း(Flow Control) ကိုလည်းလုပ်ပေးပါတယ်။ ဒီလို Flow Control လုပ်တဲ့နေရာမှာလည်း Data ပို့လွှတ်လိုက်တဲ့ဘက်က Transmitting Device လက်ခံနိုင်လောက်တဲ့ပမာဏပဲပေးပို့ စေခြင်းကိုပါထိန်းချုုပ် ပေးပါတယ်။Receiving Device ဘက်က လက်မခံနိုင်လောက်တဲ့ Data ပမာဏထက်ပို့မပို့ဘူးလို့ဆိုလိုချင်ဖြစ်ပါတယ်။ ဥပမာဗျာ။ Construction တစ်ခုမှာအပေါ်နှင့်အောက် အုတ်ကိုပစ်ပေးတဲ့သူနဲ့ဖမ်းတဲ့သူပစ်ပေးတဲ့သူက မြန်မြန်ပစ်နိုင်လို့မြန်မြန်ပစ်ရင် အပေါ်ဖက်ကဖမ်းတဲ့သူက မဖမ်းနိုင်တဲ့အခါ အန္တရယ်ဖြစ်သွားမှာ ပေါ့။ဒီတော့ အပေါ်ကဖမ်းနိုင်တဲ့နှုန်းနဲ့အောက်ကနေ အုတ် တွေကိုပစ်တင်ပေးမယ်။ဒီသဘောပါ။
အစွန်းတစ်ခုမှ နောက်အဆုံးတစ်ခုအထိ အစမှအဆုံးအတွင်း Data Packet များပျက်စီးမှုမရှိ Error Detection လည်းလုပ်ဆောင်ရပါတယ်။ နောက်တစ်ခုက စိတ်ထင်တိုင်း ရှည်ချင်တိုင်းရှည်နေသော Data များကို အသုံးပြုတဲ့ Network Medium ကလက်ခံနိုင်တဲ့ Data Packet Size အဖြစ်တုံးပစ်ပိုင်းပစ်ပါတယ်။လက်ခံရာဖက်ိုပြန်ရောက်ပြီဆိုမှ ၎င်းအတုံးအပိုင်းများကို ပြန်လည်စီခြင်း အပိုုင်းကိုလည်းလုပ်ဆောင်ပါတယ်။ TCP/IP ရဲ့ TCP (Transmission Control Protocol) ဟာဒီဘက်အလွှာမှာ အလုပ်လုပ်ပါတယ်။ OSI Model ရဲ့လေးလွှာမြောက်ဖြစ်တဲ့ဒီ Transport layer ဟာ အချက်အလက်များသွားလာမှုကို ထိန်းချုပ်ပေးခြင်းနှင့်အမှားတွေကို Recover လုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ Reliable end-to-end error and flow control လို့ဆိုပါတယ်။သူဟာ Message တွေကိုသင့်တော်တဲ့အရွယ်အစားရအောင်ပိုင်းပါတယ်။ ပြီးတော့ ရည်ရွယ်ရာကို ရောက်ပြီဆိုမှ ပြန်ပြီး Assemble လုပ်ပါတယ်။ ခုနကပြောတဲ့ Error နဲ့ Flow ကို control လုပ်ခြင်းကိုပံ့ပိုးဖို့အတွက် ဒီ Transport layer မှာ ရှိတဲ့ protocol ဟာ Connection Services များကိုအသုံးပြုပါတယ်။ Connection Services နှစ်မျိုးရှိပါတယ် အဲ့ဒါကတော့-
၁) Connection-Oriented
၂) Connectionless တို့ဖြစ်ကြပါတယ်။

Connection-Oriented Services ဟာပို့လွှတ်သူ Station နဲ့လက်ခံသူ Stations တို့နှစ်ခုအကြား Virtual Connection တွေထူထောင်ဖို့အတွက် Acknowledgements (သဘောတူခြင်း၊လက်ခံရရှိခြင်း) နဲ့ Responses (အဖြေ၊တုံ့ပြန်မှု) ကိုအသုံးပြုပါတယ်။ Acknowledgement ကိုအသုံးပြုရတာကတော့ Connection တွေချိတ်ဆက်ထားမှုကို သေချာဖို့အတွက်ပါ။ ဒီ Connections ဟာတယ်လီဖုန်း စကားပြောတာနဲ့ပုံစံတူပါတယ်။ ဖုန်းစကားပြောဖို့အတွက် ဖုန်းနံပါတ်နှိပ်လိုက်ပါတယ်။ တစ်ဖက်က လက်ခံစကားပြောမယ့်သူက ဖုန်းကိုကောက်ကိုင်လိုက်ပြီးဟဲလို ဆိုပြီး ပြော မယ်။ဒီအခါသင်က ကိုယ့်နာမည်ကိုပြောပြီး သင်ပြောချင်တဲ့ အကြောင်းအရာ ကိုစပြီး ပြောဆိုပါတယ်။ တစ်ခါတစ်ရံ ကိုယ်ပြောနေတာကို နားထောင်နေလို့ တစ်ဖက်က အသံတိတ်နေတာကို သူဆက်ပြီး နားထောင်နေ သေးရဲ့လားလို့ ဆိုပြီးနားထောင်နေသေးရဲ့လားလို့မေးပါတယ်။ ပြောလို့ဆိုလို့ပြီးတဲကအခါကြတော့ ဒါပဲနော်ဆိုပြီး နှစ်ဦးသဘောတူ ဖုန်းချလိုက်ပါတယ်။ အခုပြောပြနေတဲ့ Connection-Oriented Services ဟာလည်း ဖုန်းပြောသလိုပါဘဲ ။ဖုန်းနဲ့စကားလုံးတွေအစားကွန်ပျူတာ Network Card နဲအချက်အလက်အထုပ်လေးတွေပါ။ နောက် ဥပမာ တစ်ခုထပ်ပေးချင်တယ်။ အင်တာနက်မှ web pageတစ်ခုကို ခေါ်ကြည့်တဲ့ဖြစ်စဉ်ကိုကြည့်ရအောင်။ အင်တာနက်မှ web page တစ်ခုကိုခေါ်ကြည့်တဲ့အခါ ပထမဦးစွာ client ကွန်ပျူတာမှ TCP သည် SYN(synchronization)packet တစ်ခုကို web server ထံသို့လှမ်းပို့လိုက်ပါတယ်။ တဖန်web server ဘက်မှ လည်း SYN-ACK packet တစ်ခုကို ပြန်ပို့ပါလိမ့်မယ်။ သဘောကတော့ သူ့ဘက်ကလည်း ချိတ်ဆက်ဖို့ရန်ဆန္ဒရှိပါတယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ထို့နောက်မှ client ကွန်ပျူတာဘက်မှ ACK ကို ထပ်မံတုံ့ပြန်ပေးပို့ပါလိမ့်မယ်။ ထိုအဆင့် သုံးဆင့်တို့လုပ်ဆောင်ပြီးသွားတဲ့အခါ client ကွန်ပျူတာနှင့် web server တို့အကြားမှားconnection တစ်ခုချိတ်ဆက်ပြီးဖြစ်သွားပါတယ်။ အဲ့ဒီလို TCP မှ connection တစ်ခုတည်ဆောက်ပြီးသွားတဲ့အခါမှသာ web page အတွက်လိုအပ်တဲ့ http request ကိုဆက်လက်transmit လုပ်ပါလိမ့်မယ်။ ACK (Acknowledgment) ဆိုတာကို ပေးပို့လိုက်တဲ့ data သည် မပျောက်မပျက်ဆုံးရှုံးမှု မရှိဘဲလက်ခံတယ်ဆိုတဲ့ အကြောင်းကိုသိရှိနိုင်ရန်ဖို့ ရန်အသုံးပြုလာကြပါတယ်။ connection oriented packet တွေသည်ပေးပို့သမျှသော data unit တစ်ခုစီအတွက် လက်ခံရယူမှုထံမှ ACK ကိုရရှိဘို့ရန် မျှော်လင့်ပါတယ်။ရှေ့က ဖော်ပြခဲ့တဲ့ web page ဥပမာကိုဆက်ရမယ်ဆိုရင် client ကွန်ပျူတာမှ TCP protocol သည် http request တစ်ခုကိုပေးပို့ပြီးတာနှင့် web server ထံမှ ၎င်း http request ကိုလက်ခံရရှိကြောင်းကို ရည်ညွှန်းတဲ့ ACK ကိုရရှိဘို့မျှော်လင့်စောင့်ဆိုင်းနေပါတယ်။ အကယ်၍များ အချိန်အတိုင်းအတာတခုအထိ အတွင်းမှာ ACK ကို မရဘူးဆိုရင် ကွန်ပျူတာမှ protocol သည် မိမိပေးပို့ခဲ့သော data ပျောက်ပျက်ဆုံးရှံုးသွားပြီဟု မှတ်ယူပြီး နောက်တစ်ကြိမ် ထပ်မံပေးပို့ပါလိမ့်မည်။ ဒါကြောင့် reliability အရကြည့်မယ်ဆိုရင် connection-oriented protocol တွေသည် အတော်လေးမြင့်တယ်လို့ပြောနိုင်ပါတယ်။ packet တစ်ခုကို ပေးပို့တဲ့နေရာမှာ ပြဿနာရှိလာပြီ ဆိုရင် အဲ့ဒီpacket ကိုပြန်ပို့ပေးရန် မူလပေးပို့သူထံ request လုပ်နိုင်ပါတယ်။ဒါပေမယ့် ရှေ့မှာဖော်ပြခဲ့သလို(ACK၊SYNC) အစရှိတဲ့ packet တွေကို ပိုမိုပို့ လွှတ်ရသည့်အတွက် အချိန်ပို ကြာပါတယ်။ connection-oriented ရဲ့ ပေါ်လွင်တဲ့လက္ခဏာကတော့-
- reliability
- slower connection
- packets are resent တို့ဖြစ်ကြပါတယ်။




Connectionless Services ကျတော့ Error နဲ့ Flow Control တွေမပါရှိပါဘူး။ဒါပေမယ့် ကောင်းကျိုးတစ်ခုကိုတော့ လုပ်ပေးနိုင်ပါတယ်။ အဲ့ဒါကတော့ Speed ပါဘဲ။စဉ်းစားကြည့်လို့ရပါတယ်။ အဲ့ဒါကတော့ Connection တွေကို Maintain လုပ်ပေးခြင်းလည်းမရှိတဲ့အပြင် သူဟာ Speed ကို Error Control နဲ့လဲလှယ်လိုက်လို့ပါ။ သဘောကိုပြောတာနော်။

ဥပမာပြောရရင် Connectionless Services ဟာ Post Card တစ်ခုနဲ့အလားတူပါတယ်။Post Card ဆိုတာက Happy Birthday လား New Year အတွက်လား၊ရည်ရွယ်ရာဦးတည်ချက်တစ်ခုပဲ တခြားအကြောင်းမပါပါဘူး ဒါပေမယ့် Error Control မပါတာကြောင့် Message တစ်ချို့တစ်ဝက်ပျောက်ခဲ့ရင် ဒါကိုပြန်ပို့ပေးရတာတော့ရှိပါတယ်။
Network address ဟာ အမြဲတမ်း Binary Number နဲ့ပါ။များသောအားဖြင့် 32 bit ရှိပါတယ်။ ဒီနံပါတ်တွေဟာ Decimal ဒါမှမဟုတ် Hexadecimal အဖြစ်ဖော်ပြပါတယ်။ ဘာလို့လဲဆိုတော့ လူတွေအနေနဲ့ သတ်မှတ်ရတာလွယ်အောင်လို့ပါ။ ဒီ Decimal နဲ့ Hexadecimal တွေဟာ စကားလုံးအနေနဲ့ အသိအမှတ်မပြုပေမယ့်ဒီ Transport layer မှာ Protocol တွေနဲ့ဘာသာပြန်ပြီး Transport layer ရဲ့ Logical name အဖြစ်ပြောင်းယူကြပါတယ်။
connection-oriented တွေနှင့်ယှဉ်ကြည့်မယ်ဆိုရင် တဖက်နှင့်တဖက် data ပေးပို့ဖလှယ်ကြတဲ့နေရာမှာပိုပြီးမြန်
မယ်။ဒါပေမယ့် data တွေ အားလုံးရောက်မရောက်ဆိုတဲ့နေရာမှာတော့ reliable မဖြစ်ပါဘူး။ဒါကြောင့်reliability ထက် speed ကပိုပြီးအရေးကြီးတဲ့အချို့သော application တွေမှာ connectionless protocol ကိုအသုံးပြုကြတယ်။ ဥပမာ- audio
တွေ video တွေလွှင့်တဲ့အခါမျိုးတွေမှာ ဖြစ်ပါတယ်အသုံးများဆုံး connectionless protocol ကတော့ UDP(User Datagram Protocol)ဖြစ်ပါတယ်။

၅. Network layer

Network layer ကတော့မတူညီတဲ့ Network တွေပေါ်မှာရှိကြတဲ့ ကွန်ပျူတာအချင်းချင်း Communications ဖြစ်စေဘို့အတွက် လိုအပ်တဲ့ Functions တွေသတ်မှတ်ပေးခြင်းကို ပံ့ပိုးပါတယ်။။၎င်းရဲ့ Function တွေအထဲက ဦးစွာအတိုချုပ်ပြောပြရမယ်ဆိုရင်...

- ကွန်ရက်ပေါ်မှာ Data Packets များကိုလမ်းကြောင်းလွှဲခြင်း(Routing) နှင့် Logical Addressing တာဝန်
- ကွန်ရက်ပေါ်မှ Nodes နှစ်ခုအကြား Connection နဲ့ Path တွေကိုဖြစ်ပေါ်စေခြင်းနှင့် ဖြုတ်ချခြင်းဆိုသည့် တာဝန်
- Connections များကို Reset လုပ်ခြင်း ၊data များကို ထုတ်လွှတ်ခြင်း နှင့်သယ်ဆောင်ခြင်းရရှိလာသည့် Data များကို Confirm လုပ်ခြင်းစသည့်တာဝန်များကို ၎င်း Network layer မှ ထမ်းဆောင်ရပါသည်။

Network အလွှာဆိုတဲ့ ၃ လွှာမြောက်အလွှာဟာ Signal များကို Addressing ဆိုတဲ့ လိပ်စာသတ်မှတ်ပေးခြင်း Physical Address များသတ်မှတ်ပေးခြင်း၊Logical Address များကိုသတ်မှတ်ပေးခြင်းတို့ကိုလုပ်ဆောင်ရပါတယ်။နောက်ပြီး Layer ဟာ ဖြစ်တည်ရာကနေ ဦးတည်ရာComputer ဆီသွားရာလမ်းကြောင်း (Routing) ကိုလည်းသတ်မှတ်ပေးထားပါတယ်။

Network တွင်းလမ်းကြောင်း ကျပ်တည်းမှု ၊ပိတ်ဆို့မှုစတဲ့ Traffic ပြဿနာတွေကိုလည်း ၎င်း Network layer မှ Manage လုပ်ပါတယ်။ဆိုလိုတာက Packet Sequencing ပါ။ ပေးပို့သူနဲ့ လက်ခံသူ ကြား Error Detection ပြုလုပ်ခြင်း Congestion ဆိုသည့် လမ်းကြောင်းကျပ်တည်းမှုကိုထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်ကြရပါတယ်။ ဥပမာပြောရရင် မတူညီတဲ့Network Medium ပေါ်မှာ ကွန်ပျူတာတစ်လုံးက ပို့လိုက်တဲ့ Data ပမာဏ ဟာကြီးနေလို့ပို့မနိုင်ဘူးဆိုရင် ဒီ Network layer ဟာ ၎င်း data ကို အပိုင်းငယ်လေးအဖြစ်ပြုလုပ်ပြီးပို့လွှတ်လိုက်ပါတယ်။ ဟိုဘက်ကိုရောက်တဲ့အခါ Network layer က ၎င်းအပိုင်းငယ်ကလေးတွေကိုပြန်ပေါင်းလိုက်ပါတယ်။ TCP/IP Protocol ကိုအခြေပြုထားတဲ့ ကွန်ရက်တွေမှာဆိုရင် IP Address ,Network Address တွေနဲ့ IP Routers တွေဟာ ၎င်း Network layer မှာအလုပ်လုပ်ကြတယ်။

Network layer Protocol ရဲ့အဓိက လုပ်ဆောင်မှုကတော့ addressing နှင့် routing တို့ဖြစ်ပါတယ်။ addressing ဆိုတာကတော့ device (ကွန်ပျူတာ) တစ်ခုကို network ထဲမှ အခြားမည်သည့် device နှင့်မှမတူနိုင်တဲ့ address number တစ်ခု သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။device တစ်ခုမှာဆိုရင် address နှစ်မျိုး ရှိပါတယ်။ IP address (Logical address) နှင့် MAC address တို့ဖြစ်ပါတယ်။ NIC အားလုံးတို့မှာ MAC address လို့ခေါ်တဲ့တကယ့် physical address တစ်ခုစီရှိကြတယ်ဆိုတာ သိပြီးသားဖြစ် ပါလိမ့်မယ်။ MAC address ကိုစက်ရုံမှာ NIC ထုတ်စဉ်ကတည်းက တစ်ပါတည်း အသေထည့်သွင်း သတ်မှတ်ထားခြင်း ဖြစ်ပြီး ပြောင်းလဲလို့လဲမရပါဘူး ဒါ့အပြင် NIC တစ်ခု၏ MAC address သည်ကမ္ဘာပေါ်ရှိအခြားမည်သည့် NIC တို့နှင့်မှမတူနိုင်ဘဲကိုယ်ပိုင်address ဖြစ်ပါတယ်။ network address (Logical address) ကိုတော့ network layer protocol တွေဖြစ်ကြတဲ့ IP/IPX တို့ကိုအသုံးပြုပြီး သတ်မှတ်ပေးနိုင်ပါတယ်။ internet protocol (IP) ကိုအသုံးပြုပြီးသတ်မှတ်ပေးတဲ့ Logical address သည် IP address ဖြစ်သည်။

ဥပမာအနေနှင့် ဆိုရ့င် Logical address (IP address) သည်လူတစ်ယောက် အမည် (ဥပမာ-မောင်မောင် နှင့်တူပြီး MAC address တွေကတော့ ထိုသူ၏ မှတ်ပုံတင်နံပါတ် (ဥပမာ-၁၂/ရပန(နိုင်)၁၂၃၄၅၆ )နှင့်တူပါသည်။ ဤတွင်မှ ဆက်ဆိုရရင် ``မောင်မောင်´´ ဆိုတဲ့အမည်ဖြင့် တစ်နိုင်ငံလုံးတွင် လူများစွာရှိနေနိုင်သော်လည်း မှတ်ပုံတင်နံပါတ် ၁၂/ရပန(နိုင်)၁၂၃၄၅၆ သည် လူတစ်ဦးတစ်ယောက်တည်းနှင့်သာသက်ဆိုင်မှာဖြစ်တယ်။ ဒါပေမယ့် စာသင်ခန်းထဲမှာတော့ မောင်မောင်ဆိုသူသည် တစ်ယောက်ပဲ ရှိရပါမယ်။ သို့မှသာ မောင်မောင်ရှိပါသလား ဆိုတဲကမေးခွန်းမျိုး ကိုမေးတဲ့နေရာမှာ မှတ်ပုံတင်အမှတ်ကိုသုံးစရာမလိုဘဲ သက်ဆိုင်သူက ဖြေကြားနိုင်မှာဖြစ်ပါတယ်။

Network layer protocol တွေသည် transport layer segment တွေမှာ source နှင့် destination address ထည့်သွင်းခြင်းများကို လုပ်ဆောင်ပါတယ်။ ထည့်သွင်းပေးမည့်လိပ်စာ နှစ်ခုလုံးသည် logical address များဘဲဖြစ်ပါတယ်။ ဒီနေရာမှစ၍ data တွေသည် segment မှ packet များဖြစ်လာပါတယ်။ network layer protocol တွေသည် packet တွေကို ရည်ရွယ်ရာ destination သို့မပေးပို့ခင် ဘယ်လမ်းကြောင်း မှပေးပို့ခြင်းသည် အကောင်းဆုံးဖြစ်မလဲဆိုတာကိုလည်း ဆုံးဖြတ်ပေးရပါတယ်။ အဲ့ဒီလိုအမြန်ဆုံး ရောက်ရှိနိုင်မယ့် လမ်းကြောင်း ရွေးချယ်ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်ကို routing လို့ခေါ်ပါတယ်။အထူးသဖြင့် network တစ်ခုမှ အခြား network တစ်ခုသို့ပေးပို့တဲ့အခါမျိုးမှာ routing သည် လွန်စွာအရေး ပါပါတယ်။ route လုပ်ပေးနိုင်သော protocol ပေါင်းများစွာရှိသော်လည်း internet protocol (IP) သည် အသုံးများဆုံးဖြစ်ပါတယ်။ web page ခေါ်ကြည့်တဲ့ဥပမာနှင့်ကြည့်မယ်ဆိုရင် IP သည် http request တစ်ခုအား ဘယ်ကလာပြီး ဘယ်ကိုသွားမယ်ဆိုတာကို ညွှန်ကြားခိုင်းစေသော protocol ဖြစ်ပါတယ်။

Hardware အနေနှင့်ပြောရရင် ဒီnetwork layer မှာအလုပ်လုပ်တဲ့ device တွေကို layer-3 device တွေလို့ခေါ်ပါတယ်။ Router သည်အသုံးများဆုံး layer-3 device ဖြစ်ပါတယ်။

၆ .Data Link Layer

OSI model ၏ဒုတိယ layer ဖြစ်သော data link layer ရဲ့အဓိကလုပ်ဆောင်မှုကတော့ network layer ကလာတဲ့ packet တွေကို header နှင့် trailer တို့ထည့်သွင်းပြီး frame အဖြစ်သို့တည်ဆောက်ခြင်းဖြစ်ပါတယ်။ header ထဲမှာဆိုရင် Source နှင့် destination address တို့ကိုထည့်သွင်းပေးပါတယ်။ ဒီ layer မှာထည့်တဲ့ address တွေသည် MAC address (၀ါ) Physical address (၀ါ) hardware address ပဲဖြစ်ပါတယ်။ အပေါ်က network layer မှာတုန်းကတည်းက source နှင့် destination address တွေသည် Logical address (၀ါ) IP address ဖြစ်ပါတယ်။ Data link layer ကထည့်သွင်းသည့် MAC address နှင့်network layer က ထည့်သွင်းသည့် IP address တို့နှစ်ခုစလုံးမပါဘူးဆိုရင် packet တွေသည် ရည်ရွယ်ရာ ခရီးလမ်းဆုံးသို့ရောက်မှာမဟုတ်ပါဘူး။ IP address သည် packet တွေကို လက်ခံရယူမည့် ကွန်ပျူတာရှိရာ network သို့မှန်မှန်ကန်ကန် ရောက်ရှိရန်အတွက် ဖြစ်ပါတယ်။ frame အတွင်းမှာပါလာတဲ့ destination MAC address ကိုကြည့်ရှူ စစ်ဆေးကြပါတယ်။ destination MAC address သည်မိမိ၏ MAC address နှင့်တူနေတယ်ဆိုရင်အဲ့ဒီ frame ကိုလက်ခံရယူပြီး network layer ကိုလွှဲပေးပါလိမ့်မယ်။ အကယ်၍ များမတူဘူးဆိုရင် မိမိအတွက် မဟုတ်ဘူးဆိုတာသိရှိပြီး ၎င်းframe ကို လစ်လျူရှူလိုက်ပါလိမ့်မယ်။ ဤနည်းဖြင့် data တွေသည် ရည်ရွယ်ရာ ခရီးလမ်းဆုံးသို့ ရောက်နိုင်ကြပါတယ်။
ရောက်ရှိလာတဲ့frame တွေသည် error-frame ဖြစ်မဖြစ်ဆိုတာကိုစစ်ဆေးဖို့ရန် လက်ခံသည့်ကွန်ပျူတာမှာတာဝန်ရှိပါသည်။ဒါကြောင့် error detection လုပ်ငန်းစဉ်ကိုလက်ခံသည့်ကွန်ပျူတာ၏ data link layer မှာပင်လုပ်ဆောင်ပါသည်။ data တွေသည်ပေးပို့စဉ်ကအတိုင်း ဟုတ်မဟုတ်ဆိုတာကို FCS check ဖြင့်စစ်ဆေးပါတယ်။အကယ်၍များလမ်းမှာ error ဖြစ်ခဲ့မယ်ဆိုရင်နောက်တစ်ကြိမ်ပြန်ပို့ပေးရန် data link layer မှပင်ညွှန်ကြားပါလိမ့်မယ်။ နောက်ထပ် အရေးကြီး လုပ်ဆောင်မှုကတော့ collision ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် အချိန်တစ်ခုတွင် device တစ်ခုမှသာ transmit လုပ်နိုင်အောင် ထိန်းကျောင်းပေးခြင်း ဖြစ်ပါတယ်။ အသုံးအများဆုံးနည်းလမ်းနှစ်ခုကတော့ SCMA/CD နှင့် token passing တို့ဖြစ်ကြပါသည်။ Ethernet network တွေမှာ CSMA /CD ကိုအသုံးပြုပြီး token ring network တွေမှာတော့ token passing ကိုအသုံးပြုပါတယ်။

Hardware အနေနှင့်ပြောရရင် ဒီ Data Link layer မှာ အလုပ်လုပ်တဲ့device တွေကို layer -2 device တွေလို့ခေါ်ပါတယ်။ bridge နှင့် switch တို့သည် အသုံးအများဆုံး layer-2 device များဘဲဖြစ်ပါတယ်။

၇. Physical layer

OSI model ရဲ့အောက်ဆုံးlayer ဖြစ်ပါတယ်။ network တစ်ခုတည်ဆောက်ရာမှာ အသုံးပြုရမယ့်cable အမျိုးအစား ဘယ်လောက် အကွာအဝေးအထိ  ကြိုးအရှည်ထားရှိနိုင်မလဲ နှင့်အသုံးပြုရမည့် connector တို့ကို ဆုံးဖြတ်ပေးပါတယ်။ physical layer ရဲ့နောက်ထပ်ဝိသေနတစ်ခုကတော့ data link layer မှလာသောframe များကို လက်ခံရယူပြီး signal များအဖြစ် transmit လုပ်နိုင်စေရန်လျှပ်စစ်ဗို့ အားထုတ်ပေးပါတယ်။ထို့အတူဝင်လာတဲ့ လျှပ်စစ်ဗို့အားတွေကို physical layer မှာပင်ထောက်လှမ်းပြီး ignal များအဖြစ် လက်ခံရယူပါတယ်။ သဘောကတော့ bit တွေပို့ပြီး bit တွေလက်ခံရယူခြင်း ဖြစ်ပါသည်။ connectivity device လို့ခေါ်တဲ့ hub နှင့် repeater တို့သည် physical layer မှာလုပ်ဆောင်ပါတယ်။NIC တွေကတော့ physical နှင့် data link layer နှစ်ခုလုံးမှာ အလုပ်လုပ်ပါတယ်။

Physical layer - Physical ဆိုတဲ့အတိုင်း ကွန်ရက်ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို တာဝန်ယူတယ်။ ဘာတွေလဲဆိုတော့ Communication တွေကြားခံပစ္စည်း Media တွေ အပေါ်အလွှာတွေက ဆင်းသက်လာတဲ့ data တွေကို Electrical Impulses (လျှပ်စစ်တွန်းအား) (ဥပမာ- Voltage တွေ Current တွေ Modulation နဲ့ Bit Synchronization ) တွေပြောင်းလဲပေးရပါတယ်။

ဤအလွှာနဲ့ကပတ်သက်သူတွေကတော့- Twisted Pair, Coaxial, AUI Networkcard

Data Link layer - Data packet တွေကိုထုတ်ပိုးပါတယ်။ ပို့လွှတ်ပါတယ်။Checking လုပ်ပါတယ်.။data link layer ဟာ Physical Layer Token Ring ကိုအသုံးပြုပြီး Data တွေကိုပို့လွှတ်ခြင်းနှင့်လက်ခံရယူခြင်းတို့ကိုလုပ်ဆောင်ပါတယ်။နောက်ပြီး Network Layer ကိုလည်း ၀န်ဆောင်မှု တွေပံ့ပိုးရပါသေးတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ -MAC , Addressing Ethernet , Token Ring Network layer

--- Network layer ကိုအလွယ်မှတ်ရင်လမ်းကြောင်းရှာတယ်လို့မှတ်ထားလို့ရယ်။ စတင်ရာ( Server) နဲ့ရောက်ရှိရာ (Destination)အကြား လမ်းကြောင်း(Route)ကိုရှာဖွေပေးရပါတယ်။ Address တွေကိုသတ်မှတ်ပေးရပါတယ်။ Logical Connections တွေကိုပြုလုပ်ပေးခြင်းနှုင့်ထိန်းသိမ်းခြင်းတို့ကိုလုပ်ဆောင်ပေးရပါတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ-- IPX,IP

Transport—Flow control ကိုလုပ်ဆောင်ရပါတယ်။ဒါအချုပ်ပါဘဲ နောက်ပြီး ဒီဘက်က ဟိုဘက်ထိတစ်နည်းအားဖြင့် အစွန်းတစ်ဖက်မှ ဆက်သွယ်မှု Communication ဖြစ်စဉ်ကြီးကိုပံ့ပိုးပေးရပါတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ-- TCP,NetBEUI, SPX

Session layer –Connection တစ်ခုအတွင်းမှာရှိကြတဲ့ Data Packet နဲ့ Dialog တွေကို Sequence စီတန်းခြင်းနှင့်ထိန်းညှိခြင်း(Sync ကိုက်အောင် လုပ်ခြင်း -Synctronize )ကိုလုပ်ပါတယ်။ ဒီအလွှာဟာတစ်နေရာနှင့်တစ်နေရာသို့ Transmission ပြီးဆုံးသည်အထိ တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားမှု Connection ဖြစ်နေစေဖို့စောင့်ထိန်းပေးပါတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ -- Telnet

Presentation layer ဒီအလွှာကတော့ Character Set တွေကိုဘာသာပြန်ခြင်း Data တွေကိုဝှက်ပြီးပြန်ပို့ခြင်း(အသုံးပြုလို့မရအောင်ပြုလုပ်ပြီးပေးပို့ခြင်း Encrypt) Data များကိုချံုခြင်း Compression နှင့်ချံုထားသော Data များကိုပြန်ဖြေခြင်း (Decompression) တို့ကိုလုပ်ဆောင်ရပါတယ်။ နောက်ပြီး Application Layer ကို Data အဖြစ်ပြန်လည်တင်ပြခြင်းတို့ကိုလုပ်ဆောင် ရပါတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ-- ASCCI , EBCDIC

Application layer ကွန်ပျူတာမှာ Run နေတဲ့ Application နဲ့ကွန်ရက်အကြား Interface လုပ်ပေးခြင်း တစ်နည်းအားဖြင့် ကွန်ရက်ကို အသုံးပြုသူ User နှင့်ကွန်ရက်အကြား များစွာသောNetwork ၀န်ဆောင်မှုတွေကို သတ်မှတ်ပေးရပါတယ်။

ဤ အလွှာနဲ့ ပတ်သက်သူ--- FTP, HTTP

Credit : Myanmar IT Pro ကအတိုင်း ပြန်လည် တင်ထားခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment